ဆုတောင်းပြည့်ချမ်းသာကြီးစေတီတော်သမိုင်းအကျဥ်း

ကြီးလေးကြီး သမိုင်းဝင် ဆုတောင်းပြည့် ချမ်းသာကြီးစေတီတော် သမိုင်းအကျဥ်း ချမ်းသာကြီးစေတီတော် သမိုင်းကို လေ့လာရာ အပိုင်းနှစ်ပိုင်းခွဲ၍ မှတ်သားရပေသည် အစဥ်အဆက်ရှေးမှတ်တမ်းနှုတ်ပြောသမိုင်း နှင့် သမိုင်းမှတ်တမ်းစာအုပ်များတွင် တွေ့ရသောသမိုင်းဟူ၍တွေ့ရပေမည် ဤ Page တွင် သမိုင်းအကျဥ်းမျှကိုသာ ဖော်ပြနိုင်ပေမည် သမိုင်းအကျယ်ကို အရှင်တေဇနိယ တက္ကသိုလ်တေဇာလင်း ရေးသားသော ချမ်းသာကြီးစေတီတော် သမိုင်းစာအုပ်တွင် စုံလင်စွာလေ့လာဖတ်ရှုနိုင်ပါသည် ဆုတောင်းပြည့် ချမ်းသာကြီးစေတီတော် အစဥ်အဆက်နှုတ်သမိုင်းများအရ သက္ကရာဇ် ၂၁၈ ခုနှစ်တွင် ရာဇဘိသေကဘိသိတ်ခံယူ၍ ဇမ္ဗူဒီပါ ကျွန်းလုံးအစိုးရသော သီရိဓမ္မာသောကမင်းမြတ်သည် ဗုဒ္ဓရှင်တော်မြတ်၏ ဓာတ်တော်များကို သက္ကရာဇ် ၂၃၆ ခုနှစ်၌ ဇမ္ဗူဒိပ်တစ်ခွင်ဝယ် ၈၄၀၀၀ သော စေတီများအဖြစ် (မုတ္တော=မုတ္ထော=မုဌော)လကို ရာဟုဖမ်းသည့်နေ့တွင် တစ်ပြိုင်နက်တည်း တည်ထားသော စေတီတော်တို့တွင် ချမ်းသာကြီး စေတီသည်လည်း တစ်ဆူအပါအဝင်ဖြစ်ပေရာ မူလစေတီတော်ဒါယကာမှာ သီရိဓမ္မာသောက (အသောက)မင်းတရားကြီးဖြစ်ပေသည် ချမ်းသာကြီးစေတီတော်အား တနင်္ဂ ွေထောင့်မှ ဖူးမြင်ရုံ ပုဂံခေတ်တွင် အလောင်းစည်သူ မင်းမြတ်သည် ဖောင်စကြာဖ...